#hl1_otr
#mdy_jun2021
Source: MOSWRR
၃၀-၅-၂၀၂၁ ၊ မန္တလေး
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၃၀-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(မန္တလေး)သို့ရောက်ရှိခဲ့ပြီး မိုးကြို ကာလနှင့်မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့နိုင် ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် သိုလှောင်ရုံတာဝန်ခံက ဗဟို သိုလှောင်ရုံ(မန္တလေး)တွင် ကယ်ဆယ်ထောက်ပံ့ ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု(၁၀၀၀၀)စာ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများနှင့် အလှူပစ္စည်းများ၊ ဗဟိုသိုလှောင်ရုံ (မန္တလေး)မှ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် သိုလှောင်ရုံများသို့ ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်း များကို အရေးပေါ်အခြေအနေနှင့် လိုအပ်ချက်ရှိမှုအပေါ်မူတည်၍ ပေးပို့ဖြည့်တင်းလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ထောက်ပံ့ရေးဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးပစ္စည်းများအား Kit ပုံးအတွင်း ထည့်သွင်းထားရှိမှုအခြေအနေကို ခင်းကျင်းပြ သခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယခုကာလသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုန်လေ စတင်ဝင် ရောက်လာပြီဖြစ်၍ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေး အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာပါက အသင့်ဖြစ်စေရန် နိုးနိုးကြားကြားဖြင့် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါက ဘေးသတင်းများကို အချိန်နှင့် တပြေးညီသိရှိနိုင်ပြီး ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများအား လမ်းညွှန်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများကို ဘေးဖြစ်ပွားရာဒေသများသို့ အချိန်မီဖြန့်ခွဲ ထောက်ပံ့နိုင်ရေးအတွက် လူ၊ စက်၊ ယာဉ်ယန္တရားများစုဖွဲ့နိုင်ရေး ကြိုတင်စီမံဆောင်ရွက် ထားရမည်ဖြစ်ကြောင်း စသည်ဖြင့် မှာကြားခဲ့ပါသည်။ ဗဟိုသိုလှောင်ရုံရှိဂိုဒေါင်များအတွင်း ကယ်ဆယ်ရေးပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေး သုံးပစ္စည်းများ သိုလှောင် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဗဟိုသိုလှောင်ရုံ(မန္တလေး) အပါအဝင် သိုလှောင်ရုံများတွင် Warehouse Management ကို Software အသုံးပြု၍ ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန် မှန်ကန်စွာသိရှိနိုင်ခြင်း၊ လူအင်အားနည်းနည်းဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန်သက်သာခြင်း၊ ပစ္စည်းများလက်ခံဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူချောမွေ့ခြင်း၊ ပစ္စည်းများလေ လွင့်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်သည့် အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ချမ်းအေးသာဇံမြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာန(မန္တလေး)၊ အမျိုးသမီးကလေးများသင်တန်းကျောင်းနှင့် အောင်မြေသာဇံမြို့နယ်ရှိအမျိုးသမီး သက်မွေးအတတ်ပညာသင် ကျောင်းများသို့ ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူများက သင်တန်းကျောင်း၊ ဌာနများဖွင့်လှစ်ဆောင်ရွက်ခဲ့မှုရည်ရွယ်ချက်နှင့် နောက်ခံ သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ သင်တန်းသူများလက်ခံ စောင့်ရှောက်ထားရှိမှုအခြေအနေ၊ ဝန်ထမ်းအင်အားအခြေအနေ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုများနှင့် လိုအပ်ချက်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ရပ်ရွာအတွင်းရှိ လူမှုရေးအခက်အခဲနှင့် ကြုံတွေ့နေရသည့် အမျိုးသမီးငယ်များ၊ ကာကွယ်စောင့်ရှောက် ရန်လိုအပ်သည့် ကလေးသူငယ်များအား လက်ခံစောင့်ရှောက်ကာ အသက်မွေးဝမ်းကျောင်းပညာရပ်များ စနစ်တကျ တတ်မြောက်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာနိုင်စေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အသက်မွေးဝမ်း ကျောင်း ပညာရပ်များအနေဖြင့် စက်ချုပ်သင်တန်း၊ အစားအစာပြုလုပ်မှု သင်တန်း၊ အလှအပပြုပြင်ပေးမှု ဝန်ဆောင်မှုသင်တန်း၊ ဝင်ငွေရလုပ်ငန်းအနေဖြင့် ပန်းကုံးချုပ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူလုပ်ကိုင်နေမှု အခြေအနေများ၊ စားသောက်နေထိုင်မှု အခြေ အနေများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပညာရေးနှင့်အိမ်တွင်းမှု သက်မွေးပညာရပ်များကို ထူးချွန်တတ်မြောက် အောင် ကြိုးစား သင်ယူကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။