Latest News
-
ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ
ဇွန်လ ၇၊ နေပြည်တော် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့်သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီး ဌာန၏ ပထမအကြိမ်ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးနည်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲဖြစ်ပါကြောင်း၊ ဦးစီးဌာန(၃) ခုအနက် ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မကြာသေးသည့်အတွက် ဝန်ထမ်းများ၏အရည်အသွေးကို တိုးမြှင့်ပေးဖို့လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းမှာ ဦးစီးဌာနရှိ အမှုထမ်းများအားလုံး ရုံး လုပ်ငန်းများ … Read more
-
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၁)
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၁) (၂၀၂၁ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၈.၆.၂၀၂၁)မှ (၁၂.၆.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်း ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း … Read more
-
ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာ လေဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာ၌ (၃-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန်လူနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၄-၆-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha_sgw #npw_jun2021
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အာဆီယံဥက္ကဋ္ဌ၊ ဘရူနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ အတွင်း ရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ
၂၀၂၁ ခုနှစ် ၊ ဇွန်လ ၆ ရက် နေပြည်တော် အာဆီယံဥက္ကဋ္ဌ ၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား ၄-၆-၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း … Read more
-
မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု၊ ရေလွှဲကျေးရွာတွင် (၁-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၂-၆-၂၀၂၁) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၎င်း၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး
-
ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ် ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း
(၃-၆-၂၀၂၁) နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သည့်ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး … Read more









