(၃-၆-၂၀၂၁) နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သည့်ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် လိုက်လျောညီထွေစွာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့၌ ဖွင့်လှစ်လျက်ရှိသည့်သင်တန်းများတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဘာသာရပ်ကို ထပ်တိုးပို့ချနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြုစုအသုံးပြုနေသည့် သင်ရိုးညွှန်းတမ်း၏ မူလဦး တည်ချက်နှင့် လိုက်လျောညီထွေရှိစေရေး၊ နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းပံ့ပိုးဆောင်ရွက်နိုင်ရေးတို့အတွက် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်ချမှတ် ထားရှိသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကို အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်သည့် အားလျော်စွာဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်အနေဖြင့် ပြည်သူလူထုအခြေပြုသင်တန်းများ ဖွင့်လှစ်ခြင်း၊ သဘာဝဘေးအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာများစိုက်ထူခြင်း စသည့် အသိပညာပေး လုပ်ငန်းများနှင့် ဟင်္သာတမြို့တွင် ဖွင့်လှစ်ထားရှိသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် လည်း သင်တန်းကျောင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံသင်တန်းနှင့် နည်းပြသင်တန်း များအား ဖွင့်လှစ်လျက်ရှိပြီး အစိုးရဌာနများမှ ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုအတွင်းမှ စိတ်ပါ ဝင်စားသူများအား ဖိတ်ခေါ်ကာသင်တန်းတက်ရောက်စေပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများကို သင်ကြားပို့ချပေး လျက်ရှိပြီး အဆိုပါလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် အခြားဝန်ကြီးဌာန များမှ ဖွင့်လှစ်သည့် သင်တန်းများတွင်လည်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်အား ပို့ချပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ပို့ချချက်များဆောင်ရွက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းများအား နိုင်ငံတကာစံချိန်စံနှုန်းများ၊ မူဘောင်များနှင့် လိုက်လျောညီထွေဖြစ်စေရေး အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ သင်တန်းသား/သူများကို သဘာဝဘေးအသိပညာများ ဆက်လက်ဖြန့်ဝေနိုင်ရန် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ဆည်းပူးရရှိတဲ့ ပညာဗဟုသုတများကို မှတ်သားကာ ဘေးဒါဏ်ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာ စေရေး ရှေးရှုဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲဆောင်ရွက်ပေးသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များအားများစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီး ဌာနအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့တွင် သင်တန်းများခေါ်ယူကာ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်းဦးရေ (၇)သန်းခန့်ရှိရာ မြန်မာနိုင်ငံလူဦးရေ၏ (၂) ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အဆိုပါဝန်ထမ်းများ၏ ခံယူချက်၊ စွမ်းဆောင်ရည်နှင့် ဗဟုသုတများ မြင့်မားလာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် လုပ်ငန်းပိုင်းဆိုင်ရာသိသည့် သိထိုက်သည်များသာမက ပို့ချမှုများဆောင်ရွက်ရန် ပြင်ဆင်နေပါ ကြောင်း၊ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် သင်တန်းများခေတ္တရပ် နားခဲ့ရသော်လည်း COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်တန်းများပြန်လည်ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်အား ထည့်သွင်းပို့ချနိုင်ခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သည့်ဝန်ထမ်းများ သဘာဝဘေးအသိတိုးတက်ကာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ကူညီလိုစိတ်ဖြင့် ပြည်သူများအတွက် ပိုမိုဆောင်ရွက် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ခံယူချက်၊ ကျွမ်းကျင်မှု၊ အသိပညာ၊ မျှော်မြင်တက်မှုနှင့် စိတ်သဘောထားတို့ တိုးတက် ကောင်းမွန်ခြင်းဖြင့် ပြည်သူများကိုဝန်ဆောင်မှုများ ပေးရာတွင် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား (၃-၆-၂၀၂၁)ရက်နေ့မှ (၄-၆-၂၀၂၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများသို့ တက်ရောက်ကြမည့် နိုင်ငံ့ဝန်ထမ်းများ အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဆက်လက်ဖြန့် ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_jun2021
Source: MOSWRR