ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇွန်လ ၇၊ နေပြည်တော်   

ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်  တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့်သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီး ဌာန၏ ပထမအကြိမ်ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးနည်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲဖြစ်ပါကြောင်း၊ ဦးစီးဌာန(၃) ခုအနက် ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မကြာသေးသည့်အတွက် ဝန်ထမ်းများ၏အရည်အသွေးကို တိုးမြှင့်ပေးဖို့လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းမှာ ဦးစီးဌာနရှိ အမှုထမ်းများအားလုံး ရုံး လုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိဆောင်ရွက်နိုင်စေရန်၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ ကျွမ်းကျင်ပိုင်နိုင်စွာသိရှိဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့်   နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွန်း လာစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမှုထမ်းများကို သင်တန်း တက်ရောက်ရန် အဓိကရွေးချယ်ခဲ့ပြီး အဆိုပါအမှုထမ်းများသည် ရုံးလုပ်ငန်းပိုင်းတွင် အဓိက ထောက်ပံ့ပေးရသူများဖြစ်ကြပြီး နောင်ကာလတွင် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးများတိုးမြှင့်ပြီး ရုံးလုပ်ငန်းတာဝန်များကို ပြောင်းလဲထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ ယခုလိုအခွင့်အရေးကောင်းကို တန်ဘိုးရှိရှိ အသုံးချစေလိုပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း သင်တန်း(၄)ကြိမ် ဖွင့်လှစ်ရန် လျာထားသည့်အတွက် ဦးစီးဌာနအတွင်းရှိ အမှုထမ်းအားလုံး မိမိ၏မူလတာဝန်တွေကို မထိခိုက်အောင် အလှည့်ကျရွေးချယ်သွားမည်ဟုသိရပါကြောင်း၊ တာဝန်ရှိကြသည့် ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ သင်တန်းနည်းပြများအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာနမှ သင်တန်းနည်းပြများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ နည်းပြများကိုပါ ဖိတ်ကြား၍ သင်ကြားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အရာထမ်းများမှလည်း  သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာပို့ချသွားမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် သင်တန်းနည်းပြများ၏ ပို့ချချက်များကို ဂရုစိုက်သင်ယူမှတ်သားစေလိုပါကြောင်း၊ သင်တန်းဆင်းသည့်အခါ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပါက သင်တန်းမှပို့ချလိုက်သည့် ဘာသာရပ်များကို လက်တွေ့အသုံးချပြီး ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အချိန်နှင့်တပြေးညီ ဆောင်ရွက် နိုင်မည်ဟုယုံကြည်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ရုံးလုပ်ငန်း ဆောင်ရွက် ရာတွင်  ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ မိမိတို့လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ အကျိုး၊ နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုးများကို ကျေပွန်စွာထမ်းရွက်နိုင်သည့်  အရည်အသွေးပြည့်ဝသော   နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနမှ အရာထမ်းများနှင့် သင်တန်းသား/သူများ၊ စုစုပေါင်း (၄၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Source: MOSWRR

#hl1

#npw_jun2021

Sign Up

Upcoming Events