Latest News
-
လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာ၌ (၁၅-၂-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၁၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၀၂၁၀၀ိ/-)တိတိအား (၁၆-၂-၂၀၂၃)ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_Feb2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ကျေးရွာအုပ်စု၊ ကျုံကရုတ်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ကျေးရွာ အုပ်စု၊ ကျုံကရုတ်ကျေးရွာ၌ (၁၁-၂-၂၀၂၃) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးဘေးသင့်အိမ်ထောင်စု(၂)စုမှ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၆,၃၀၀/-) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၁၃-၂-၂၀၂၃) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကျုံကရုတ်ကျေးရွာသို့သွားရောက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၃)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁၄)လုံးမှ အိမ်ထောင်စု (၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၄)အိမ်ထောင်စာတန်ဖိုးငွေ (၁၉၆,၁၄၄/-)၊ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စာတန်ဖိုးငွေ (၄၆၀,၃၆ဝိ/-)၊ စက္ကူပုံး(၁၄)ပုံးတန်ဖိုးငွေ (၄,၅၉၂/-)၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၃၇၂,၀၀ဝ/-)နှင့် မီးဘေးသင့်လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၁၅၁,၂၀ဝ/-)တို့အား (၈-၂-၂၀၂၃) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ် … Read more
-
ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၂-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ပူးပြင်းခြောက်သွေ့ သောကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ကသာမြို့နယ်အတွင်း ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #sgg_feb_2023 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ ကျန်တောကျေးရွာတွင် (၃.၂.၂၀၂၃)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်၌ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်၍ မီးလောင်ရာမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၈၉၀ဝိ/-)ကျပ်နှင့် အဝတ်(Mask) (၁၈)ခု၊ Family Kit (၂)ပုံးတို့အား (၆.၂.၂၀၂၃)နေ့ (၁၄:၃၀) နာရီအချိန်ခန့်တွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_feb_2023 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၃) ရက်နေ့ (၀၉:၃၀) နာရီမှ (၁၂:၀၀) အချိန်အထိ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)မှ ဖွင့်လှစ် သော မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဌာနတွင်း ဆရာ၊ ဆရာမများသင်တန်း”၌ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့အား “သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #yan_feb_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









