လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၂-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ပူးပြင်းခြောက်သွေ့ သောကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ကသာမြို့နယ်အတွင်း ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_fir
#sgg_feb_2023
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)