လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၃)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁၄)လုံးမှ အိမ်ထောင်စု (၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၄)အိမ်ထောင်စာတန်ဖိုးငွေ (၁၉၆,၁၄၄/-)၊ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စာတန်ဖိုးငွေ (၄၆၀,၃၆ဝိ/-)၊ စက္ကူပုံး(၁၄)ပုံးတန်ဖိုးငွေ (၄,၅၉၂/-)၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၃၇၂,၀၀ဝ/-)နှင့် မီးဘေးသင့်လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၁၅၁,၂၀ဝ/-)တို့အား (၈-၂-၂၀၂၃) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mdy_feb_2023
Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)