ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ရေသိုးကျေးရွာများ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ရေသိုးကျေးရွာများ၌ (၆-၃-၂၀၂၃)ရက်နေ့မှ (၈-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ ညနေ(၀၆:၀၀)နာရီအထိ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_mar2023 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း (ရန်ကုန်) ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ  ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း (ရန်ကုန်) ရှိ ကျောင်းသား(၈၅)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာလမ်းတောင့်၊ မွန်းရှီဝင်းအတွင်းတွင် (၂-၃-၂၀၂၃)ရက်နေ့ (၀၄:၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ပေx၅၀ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၇၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများမှ အိမ်ထောင်စု (၄)စု၊ … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊တိုက်ကြီးမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ စပါးကိုင်းကျေးရွာအုပ်စုတွင် (၂၃-၂-၂၀၂၃) ရက်နေ့(၀၁:၁၅)အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀ဝ/-)ကျပ်၊ လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း(၁၉)မျိုး အိမ်ထောင်စု(၁)စုစာ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခု နှုန်းဖြင့် Mask (၁၂)ခုနှင့် IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော် လစ်ဆပ်ပြာ(၁) တောင့်နှုန်းဖြင့် ကာဘော် လစ်ဆပ်ပြာ(၁)တောင့်တို့အား … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာ လမ်းတောင့်၊ မွန်းရှီဝင်းအတွင်းတွင် (၂-၃-၂၀၂၃)ရက်နေ့ (၀၄၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး (၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ပေx၅၀ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ လူနေတိုက်ခန်း (၁၃)ခန်း၊တိုက်ခန်းတွဲ(၄)တွဲ၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၇၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ … Read more

  • တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၃) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင်  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ခြောက်အိမ်တန်း ကျေးရွာတွင် နေထိုင်သော  ဦးအောင်ကိုဇော် ထင်းခုတ်သွားရောက်စဉ် တောဆင်ရိုင်းတစ်ကောင် မှအစွယ်ဖြင့် လိုက်လံထိုးခဲ့သဖြင့်  ညာဘက်ခြေထောက်ကျိုးပဲ့ဒဏ်ရာရရှိ၍ မြောက်ဥက္ကလာပဆေးရုံ ကြီးတွင် ဆေးရုံတက်ရောက်နေသူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ် (၆-၃-၂၀၂၃)ရက်နေ့ (၁၁:၄၅) အချိန်နာရီတွင်  မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_mar_2023 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)