လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၃) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ခြောက်အိမ်တန်း ကျေးရွာတွင် နေထိုင်သော ဦးအောင်ကိုဇော် ထင်းခုတ်သွားရောက်စဉ် တောဆင်ရိုင်းတစ်ကောင် မှအစွယ်ဖြင့် လိုက်လံထိုးခဲ့သဖြင့် ညာဘက်ခြေထောက်ကျိုးပဲ့ဒဏ်ရာရရှိ၍ မြောက်ဥက္ကလာပဆေးရုံ ကြီးတွင် ဆေးရုံတက်ရောက်နေသူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ် (၆-၃-၂၀၂၃)ရက်နေ့ (၁၁:၄၅) အချိန်နာရီတွင် မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ygn_mar_2023
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)