လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာလမ်းတောင့်၊ မွန်းရှီဝင်းအတွင်းတွင် (၂-၃-၂၀၂၃)ရက်နေ့ (၀၄:၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ပေx၅၀ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၇၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများမှ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၂၅)ဦးတို့အား လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ် တန်းကျောင်း၊ မြမာလာခန်းမတွင်နေရာချထားပြီး ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂၅၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး အိမ်ထောင်(၄)စုစာ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၅၀)ခုနှင့် IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၄)တောင့်တို့အား (၂-၃-၂၀၂၃)ရက်နေ့ (၁၃:၃၀)အချိန်နာရီတွင် လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ ၏ လက်ဝယ်အရောက် ကနဦးသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_mar_2023
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)