Latest News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၃)ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းမြို့ပြကွက်သစ်တွင် ကျူးကျော်နေထိုင်သော ဒေါ်နှင်းယုမော်နေအိမ်ရှိ ထင်းမီးဖိုမှာ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းရာမှ အနီးပတ်ဝန်းကျင်ရှိ ကျူးကျော်နေအိမ်(၈)လုံး အားမီးကူးစက်လောင်ကျွမ်းခဲ့ပြီး လုံးဝပျက်စီးခဲ့ကာ စုစုပေါင်းအိမ်ထောင်စု(၉)စု၊ လူဦးရေ(၄၀)ဦး မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၈၄၀၀၀)နှင့် အိမ်ထောင်စု(၉)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့အား (၂၉-၃-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)ခွဲအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_mar_2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကိုဗစ်-၁၉ ဗီနိုင်းပိုစတာအစား မီးဘေးဗီနိုင်းပိုစတာလဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့၊ရွှေဟသ်ာစေ◌ျးရှေ့တွင် စိုက်ထူထားသော (၉x၆)ပေ ကိုဗစ်-၁၉ဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၂၈-၃-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီတွင် လဲလှယ်တပ်ဆင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၌ Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၃) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ် အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_mar_2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာအုပ်စုနှင့် စာဘူးတောင်းကျေးရွာအုပ်စု၌ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာအုပ်စုတွင် (၁၃-၃-၂၀၂၃)ရက်နေ့ ဖြစ်ပွားသော မီးလောင်မှုကြောင့် မီးဘေးသင့်လုံးဝပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦးနှင့် လှည်းကူမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စုတွင် (၁၃-၃-၂၀၂၃)ရက်နေ့ ဖြစ်ပွားသော မီးလောင်မှု ကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး၊ စုစုပေါင်းလူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝ/-)ကျပ်၊ လုံးဝပျက်စီးအိမ်ခြေ (၁)လုံး အတွက် … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဂန္ဓမာလမ်း၌ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း ခရိုင်၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် (၁၇-၃-၂၀၂၃) ရက်နေ့ဖြစ်ပွားသော မီးလောင်မှု ကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၇၀ဝ/-)ကျပ်တို့အား (၂၄-၃-၂၀၂၃)ရက်နေ့ (၁၁:၃၀)နာရီတွင် မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်း များဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ar_eqk #mon_mar2023









