ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဂန္ဓမာလမ်း၌ မီးဘေးထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း ခရိုင်၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် (၁၇-၃-၂၀၂၃) ရက်နေ့ဖြစ်ပွားသော မီးလောင်မှု ကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၇၀ဝ/-)ကျပ်တို့အား (၂၄-၃-၂၀၂၃)ရက်နေ့ (၁၁:၃၀)နာရီတွင် မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#ygn_mar_2023
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events