မီးဘေးထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၃)ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းမြို့ပြကွက်သစ်တွင် ကျူးကျော်နေထိုင်သော ဒေါ်နှင်းယုမော်နေအိမ်ရှိ ထင်းမီးဖိုမှာ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းရာမှ အနီးပတ်ဝန်းကျင်ရှိ ကျူးကျော်နေအိမ်(၈)လုံး အားမီးကူးစက်လောင်ကျွမ်းခဲ့ပြီး လုံးဝပျက်စီးခဲ့ကာ စုစုပေါင်းအိမ်ထောင်စု(၉)စု၊ လူဦးရေ(၄၀)ဦး မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၈၄၀၀၀)နှင့် အိမ်ထောင်စု(၉)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့အား (၂၉-၃-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)ခွဲအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_mar_2023
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events