ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃) ရက်နေ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဆောင်ရွက်နေမှု (Talk Show) အစီအစဉ်နှင့် ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ အား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ စျေးများ၊ ရပ်ကွက်များ၊ အိမ်ရာများသို့ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များ၊ မုန်တိုင်းနောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရေးဘေးလက်ကမ်းစာစောင်များ၊ လေပြင်းဘေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် မုန်တိုင်းသတိပေးကြေငြာချက်များအား အသံချဲ့စက်ဖြင့် တိုက်တွန်း နှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar_str #npt_may2023

  • မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ သံတဲကျေးရွာရှိ Cyclone Shelter တွင် ဘေးတစ်ခုအတွက် ပြင်ဆင်ထားမှုအခြေနေအားလေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန် ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပွားပြီးကာလများတွင် လုပ်ဆောင်ရမည့်အစီစဥ်များကို လေ့ကျင့်တတ်စေရန်နှင့် မုန်တိုင်းအန္တရာယ် ကြုံတွေ့ လာပါက တစ်ဦးတစ်ယောက်မှစ၍ ရပ်ကွက်ကျေးရွာများအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မုန်တိုင်းဘေးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းဇိမ်ဥစ္စာများ ဆုံးရှုံးမှုသက်သာစေရန်အတွက် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ … Read more

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ အား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာနှင့် အလှပ်ကျေးရွာတို့တွင် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ​ပြန်/ဆက်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023

  • မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံံး​မှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် အ​ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ သင်္ဘောဆိပ်များနှင့် လူစည်ကားရာနေရာများ တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ mask များ ဝေငှပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_str #ayy_may2023  

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၃)ရက်နေ့နှင့် (၉-၅-၂၀၂၃)ရက်နေ့တို့တွင် (၁၆:၃၀)အချိန်မှ (၁၈:၀၀)နာရီအချိန်ထိ လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လာပြီး မိုးသက်လေပြင်းများကျရောက်နိုင်သည့်အတွက် ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ပြည်သူများကြိုတင်သတိပြုနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များစသည့်လိုအပ်သည်များ​ဆောင်ရွက်နိုင်ရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ် သည့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများအား အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgw_may2023