မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ အား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာနှင့် အလှပ်ကျေးရွာတို့တွင် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ​ပြန်/ဆက်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar_str

#mon_may2023

Sign Up

Upcoming Events