မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၃)ရက်နေ့နှင့် (၉-၅-၂၀၂၃)ရက်နေ့တို့တွင် (၁၆:၃၀)အချိန်မှ (၁၈:၀၀)နာရီအချိန်ထိ လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လာပြီး မိုးသက်လေပြင်းများကျရောက်နိုင်သည့်အတွက် ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ပြည်သူများကြိုတင်သတိပြုနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များစသည့်လိုအပ်သည်များ​ဆောင်ရွက်နိုင်ရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ် သည့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများအား အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar_str

#sgw_may2023

Sign Up

Upcoming Events