ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆ – ၅ -၂၀၂၃) ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ဖွင့်လှစ်သည့် အမှုထမ်းများ လုပ်ငန်းခွင်အကြို မွန်းမံသင်တန်း အမှတ်စဉ် (၂) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_may2023

  • ခရမ်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ အုပ်စု၊ ကင်မွန်းခြုံကျေးရွာ၌ (၁၃-၅-၂၀၂၃) ရက်‌နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးနေအိမ် (၁)လုံး အိမ်ထောင်စု (၁)စု၊ လူဦး‌ရေ (၄)ဦးနှင့် ‌ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဝန်းလေးဝ ကျေးရွာ(၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦး၊ စုစု‌ပေါင်း အိမ်ထောင်စု (၂)စု၊ လူဦးရေ (၈)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၅,၀၀ဝ)/-ကျပ်၊ … Read more

  • ရေကြည်မြို့နယ်၊ (သံဒင်း၊ နတ်စင်ငူ၊ သင်္ဃန်းဒေါင့်၊ကျုံမရမ်း)အုပ်စု၊ကျေးရွာခွဲ(၄)ရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၃) ရက်နေ့ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊(သံဒင်း၊ နတ်စင်ငူ၊ သင်္ဃန်းဒေါင့်၊ ကျုံမရမ်း) အုပ်စု၊ ကျေးရွာခွဲ (၄)ရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်း အိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀၀၀ဝ/-) ၊အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၃၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၇၅၆၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၂၅၆၀၀/)အား ( ၁၅-၅-၂၀၂၃)ရက်နေ၊ (၁၂:၀၀)နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2023 Source: ရေကြည်မြို့နယ် ဦးစီးမှူးရုံး (ဘစမ)

  • ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၆)ရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၃) ရက်နေ့ ကျုံပျာ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ (သောင်ကြီး၊ ညောင်ပင်သာ(န)၊ မြို့မရပ်ကွက်နှင့် အသုတ်မြို့၊ (အမှတ်(၅)ရပ်ကွက်၊ တိုက်စွန်းအောက်အင်း၊ ကွင်းသုံးဆင့်၊ အမှတ်(၂)ရပ်ကွက်၊ နတ်စင်ကွင်း)ကျေးရွာအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်  သေဆုံး(၁)ဦးအတွက် (၃၀၀၀၀၀/-) ပြိုကျအိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၆)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုး(၉၀၀၀၀/-) အိမ်ထောင်စု(၁၆)စုမှ လူဉီးရေ(၅၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၉၂၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၄၉၉၂၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၀)ပုံးတို့အား (၁၅-၅-၂၀၂၃)ရက်နေ့(၁၃:၀၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ … Read more

  • ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၉) စု၊ ကျေးရွာခွဲ (၁၁) ရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၉)စု၊ကျေးရွာခွဲ (၁၁)ရွာ ၌ (၁၅-၅-၂၀၂၃) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀ဝ/-) တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၃၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၃,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၆၃,၀၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၆)ပုံးတို့အား (၁၅-၅-၂၀၂၃)ရက်နေ့၊ (၁၄:၀၀) နာရီအချိန် တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more

  • ရေကြည်မြို့နယ်၊ ရေသိုးကျေးရွာ၊ညောင်ပင်သာကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၃) ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ရေသိုးကျေးရွာ၊ ညောင်ပင်သာကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝ/-)၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၄၂၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေကျပ် (၁၀၄၂၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးတို့အား ( ၁၅-၅-၂၀၂၃)ရက်နေ(၁၅:၀၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2023 Source: ရေကြည်မြို့နယ် ဦးစီးမှူးရုံး (ဘစမ)