လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ အုပ်စု၊ ကင်မွန်းခြုံကျေးရွာ၌ (၁၃-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးနေအိမ် (၁)လုံး အိမ်ထောင်စု (၁)စု၊ လူဦးရေ (၄)ဦးနှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဝန်းလေးဝ ကျေးရွာ(၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၂)စု၊ လူဦးရေ (၈)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၅,၀၀ဝ)/-ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-)ကျပ်နှင့် ကင်မွန်းခြုံ ကျေးရွာ၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၂၉,၁၀ဝ/-)ကျပ်တို့အား (၁၆-၅-၂၀၂၃)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ygn_may2023