ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၉) စု၊ ကျေးရွာခွဲ (၁၁) ရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၉)စု၊ကျေးရွာခွဲ (၁၁)ရွာ ၌ (၁၅-၅-၂၀၂၃) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀ဝ/-) တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၃၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၃,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၆၃,၀၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၆)ပုံးတို့အား (၁၅-၅-၂၀၂၃)ရက်နေ့၊ (၁၄:၀၀) နာရီအချိန် တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_may2023

Sign Up

Upcoming Events