ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့တွင် (၂၀-၅-၂၀၂၃)ရက်နေ့၊ (၁၈:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ လုံးဝပျက်စီး အိမ်ခြေ(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၄၅၀,၀ဝဝ/-)၊ ဘေးသင့်လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ် (၄၄၁၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၉၄၁၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ တို့အား (၂၅-၅-၂၀၂၃)ရက်နေ့၊ (၁၁း၀၀)နာရီတွင် စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း … Read more

  • ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၃) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀ဝ/-) အိမ်ထောင်စု(၄)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ(၅၀၄၀ဝ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၄၅၀၄၀၀/) အား (၂၅-၅-၂၀၂၃)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_may2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)   … Read more

  • ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာတွင် (၂၀-၅-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၃၅၇၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၃၅၇၀၀/-)အား (၂၂-၅-၂၀၂၃)ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2023 Source: … Read more

  • “ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ် (၀၁/၂၀၂၃)”

    (၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က)   ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အရှေ့ဘက်မှ ရွေ့လျားလာ သော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်း ကြောင့်လည်းကောင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “မဝါ” (Mawar)မှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့်လည်းကောင်း(၂၈.၅.၂၀၂၃)ရက်နေ့မှ(၃၀.၅.၂၀၂၃)ရက်နေ့ အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ … Read more

  • ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်တိုင်ကျေးရွာ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်တိုင်ကျေးရွာ၌ မိုးကြိုးပစ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ အဆိုပါမိုးကြိုးဘေးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)အား (၂၂-၅-၂၀၂၃) ရက်နေ့တွင် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ #ha_tls #krn_may2023 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘေးစီမံ)

  • သံတောင်ကြီးမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၌ (၁၄-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦး ဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေပြင်းဘေးသင့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝိ/)၊ စုစုပေါင်း(၆၀,၅၀ဝိ/-) အား (၂၃-၅-၂၀၂၃) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_str #krn_may2023 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘေးစီမံ)