ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာတွင် (၂၀-၅-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၃၅၇၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၃၅၇၀၀/-)အား (၂၂-၅-၂၀၂၃)ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_may2023

Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events