ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၃) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀ဝ/-) အိမ်ထောင်စု(၄)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ(၅၀၄၀ဝ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၄၅၀၄၀၀/) အား (၂၅-၅-၂၀၂၃)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_may2023

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events