Latest News
-
လေဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၈-၂၀၂၃) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းလူနေအိမ်များသို့ ချောင်းရေများ ဝင်ရောက်လာ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၈)စုတို့မှ ကျား (၁၈)ဦး၊ မ (၁၃)ဦး၊ စုစုပေါင်း (၃၁)ဦးတို့သည် တပ်ဦးဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်း၌ လည်းကောင်း၊ (၇-၈-၂၀၂၃) ရက်နေ့၊ (၈-၈-၂၀၂၃) ရက်နေ့ နှင့် (၉-၈-၂၀၂၃)ရက်နေ့တို့တွင် သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၁၂)စုတို့မှ ကျား … Read more
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၈-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ (၈-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား(၁,၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၀) … Read more
-
လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာအုပ်စု၊ ကန်ဘက်ကျေးရွာ၊ ပေါက်တူးကွက်သစ်ရပ်ကွက်၊ ကြက်ခြေနီလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာအုပ်စု၊ ကန်ဘက်ကျေးရွာ၊ ပေါက်တူးကွက်သစ်ရပ်ကွက်၊ ကြက်ခြေနီလမ်း၌ (၇-၈-၂၀၂၃)ရက်နေ့၊ (၀၆:၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သာ မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄,၂၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀/-)၊ စုစုပေါင်းထာက်ပံ့ငွေ (၁၀၄,၂၀၀/-)နှင့် ကယ်ဆယ်ရးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး (၄၆,၀၃၆/-)တို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ ထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_aug2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
“အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” အသိပညာပေး ပိုစတာ၊ ဗွီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲ ဖိတ်ခေါ်စာနှင့် ဝင်ခွင့်လျှောက်လွှာပုံစံ
Form အား Download ရယူရန် ===> Advertising & Form
-
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာ၌ ဖြစ်ပွားသော လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၃)ရက်နေ့ (၀၅း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာတွင် မိုး သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးသွပ်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၆၀၅၀၀/-)ကျပ် အား (၈-၈-၂၀၂၃)ရက်နေ့ (၁၅း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug_2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၇-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ (၇-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသ ကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂-၈-၂၀၂၃၀ ရက်နေ့မှစ၍ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ (၁၀၀%) ပြင်ဆင်ပြီးစီး၍ ဆက်သွယ်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာ ထားလျက်ရှိပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကတို့ကို … Read more









