ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၈-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ (၈-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။

စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။

ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။

ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား(၁,၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၀) ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့်  မြို့နယ်ပြည်သူ့ ဆေးရုံ/ တိုက်နယ် ဆေးရုံများတွင် ပြင်ပလူနာ(၅၁,၀၂၀)ဦး၊ ဆေးရုံတက်လူနာ (၃၄,၂၈၉)ဦးနှင့် နေ့စဉ် ပျမ်းမျှအတွင်းလူနာ (၁,၄၀၀) ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု(၂၃,၂၉၃)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၂၄၉,၆၂၀) ဦး၊ ရေသန့်ဆေးပြား ဖြန့်ဝေမှု (၃၉၈,၈၃၄) လုံး၊ ရေတွင်း/ ရေကန်သန့်စင်ခြင်း (၇,၀၈၁) ကန်၊ ကျန်းမာရေးအသိပညာပေးခြင်း (၂၅,၆၈၃)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၁၆၂,၈၃၃) ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။

သောက်သုံးရေဖြန့်ဝေထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၂)စီး၊ Mobile Solar စနစ် (၂၀)စုံ၊ ရေသန့်စင်ပုံး Life-Straw (၄၁၀) ပုံးတို့ဖြင့် တစ်နေ့တာရေပေးဝေသည့်ဂါလံ (၅,၁၉၀) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁,၇၆၉,၅၈၃)ဂါလံ ရှိပါသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များအနက် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊  ကော်မတီဖွဲ့စည်းခြင်းတို့ကို ကျေးရွာ (၁၀၂) ရွာတွင် ဆောင်ရွက် လျက်ရှိပြီး  ရန်ပုံငွေကျပ် (၁,၅၁၅) သန်းဖြင့် ကျေးရွာ (၁၀၁) ရွာတွင် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းလုပ်ငန်းစဉ်အရ သင်တန်းပို့ချခြင်းကို ကျေးရွာ (၉၉) ရွာတွင် ဆောင်ရွက်ပြီးဖြစ်ပါသည်။

ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်၍ ၂၀၂၃-၂၀၂၄ တွင် စုစုပေါင်းကျေးရွာ (၆) ရွာရွေးချယ်အတည်ပြု၍ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး သာယာကုန်း(ကမန်) ကျေးရွာတွင် မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) လွှဲပြောင်းပြီးဖြစ်ပါသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ (၁၀)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စု (၅၃၇) စုအတွက် အရင်းအနှီးအဖြစ် ငွေကျပ် (၂၁၇) သန်းကို ထုတ်ချေးပြီးစီးခဲ့ပါသည်။ ကျန်ရှိနေသည့် ကျေးရွာ (၁) ရွာကို ရန်ပုံငွေထုတ်ချေး နိုင်ရေး စီမံကိန်းလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ရေငန်တားတာ(၇)ခုနှင့် မြေသားရေကန်(၂၃၃)ကန်တို့အား ပြင်ဆင်ခြင်း (၁၀၀%)ပြီးစီးပြီဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး အသုံးပြုနိုင်ပြီးဖြစ်ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီဖြစ်ပါသည်။

မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့်  စိုက်ပျိုးမြေဧက (၁၉,၄၁၉) ဧကကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပါသည်။

တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့်  ကျွဲ/နွား အကောင်ရေ (၉,၇၃၁) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) ကောင်တို့ကို ထိုးနှံ ပေးနိုင်ခဲ့ပါသည်။

မိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (၉၇၇,၂၃၂) (၉၇.၅၃%)၊ ပျိုးထောင်ပြီးဧက (၄၄၁,၃၈၃)၊ စိုက်ပျိုးပြီးဧက (၇၆၀,၂၃၃) (၇၅.၈၇%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၆၆,၆၆၅) အိတ်တို့ကို ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါသည်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၉၃ %နှင့် ပညာရေး ကဏ္ဍတို့အတွက် အခြေခံပညာ အဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၅%၊ အဆင့်မြင့်ပညာအဆင့် ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၅ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင် (၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ (၄,၈၀၆)လုံး၊ သွပ် (၆၄၁,၇၂၈)ချပ်၊ သွပ်သံ (၆၄.၀၆၀)တန်၊ အိမ်ရိုက်သံ (၇၆.၉၆၆)တန်၊ ခေါက်ဆွဲခြောက် (၃၅၉,၇၅၃) ထုပ်၊ (၅၀၉)ကီလို၊ (၇,၆၁၁)ဖာ၊ ဆန် (၁၈၇,၄၅၃)အိတ်၊ (၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ ပင်ကျပ်တိုင် (၃,၅၆၆.၂၆၁၄)တန် စစ်တွေမြို့သို့ရောက်ရှိပြီးဖြစ်ကာ ရန်ကုန်တွင် (၆၉.၃)တန်တို့ကို အသင့်ပြင်ဆင်ထားရှိပြီး ချင်းပြည်နယ်သို့ ဆန် (၁,၁၂၀)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။

Sign Up

Upcoming Events