မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာ၌ ဖြစ်ပွားသော လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၃)ရက်နေ့ (၀၅း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာတွင် မိုး သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးသွပ်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၆၀၅၀၀/-)ကျပ် အား (၈-၈-၂၀၂၃)ရက်နေ့ (၁၅း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mon_aug_2023
Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events