Latest News
-
တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၄) ရက်နေ့တွင် တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ်နေပါသဖြင့် လတ်တလောသောက်သုံးရေ လိုအပ်မှုရှိနေသည့် လူဦးရေ (၈,၂၉၀)ဦး၊ ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ လူဦးရေ(၇,၄၁၈)ဦး၊ ခနောင်တိုအရှေ့ရပ်ကွက်ရှိ လူဦးရေ (၈,၉၄၁)ဦးနှင့် ခနောင်တို အနောက်ရပ်ကွက်ရှိ လူဦးရေ(၃,၇၁၅)ဦးတို့အား သောက်သုံးရေ (၃၆,၀၀၀) ဂါလံကို ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ygn_may _2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးရင်ဆိုင်နိုင်ရန် ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(မြို့နယ်အဆင့်)အမှတ်စဥ် (၄/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ၂၀၂၄ ခုနှစ်၊ မေလ(၈)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၈-၅-၂၀၂၄) ရက်နေ့မှ (၁၀-၅-၂၀၂၄) ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာ၌ မိုးကြိုးဘေး ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၄) ရက်နေ့၊ (၁၅:၁၀) နာရီအချိန်ခန့်၌ တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာတွင် မသော်တာဇင်၊ (၂၅)နှစ်၊(ဘ) ဦးအောင်ဇော်မိုး၊ ရေလုပ်ငန်းလုပ်ကိုင်သူသည် ၎င်း၏ နေအိမ်မြောက်ဘက် ပေ(၁၀၀)ခန့်အကွာရှိ သမှဲ့ပင်အောက်တွင် ငါးဖမ်းပိုက်အားဖာနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါသဖြင့် အဆိုပါမိုးကြိုးပစ်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၁း၅၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစုများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may 2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၄ ) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပျဉ်းမနားစျေး၊ ညောင်ပင်သာ၊ သစ်ဆိပ်ပင်၊ စျေးကုန်း၊ သကြားစက်၊ သနပ္ပင်ဆိပ်(ရှေ့/နောက်)၊ ထောက်လျှာပင်နှင့် ဆင်သေကျေးရွာများ တွင် သဘာဝဘေးအန္တရာယ်များအနက် ယခုကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား ပြည်သူများထံသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) … Read more
-
ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့တွင် လေဘေးကြောင့်ပျက်စီးခဲ့သော လူနေအိမ် နှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌ (၂-၅-၂၀၂၄) ရက်နေ့ (၁၇:၀၀) အချိန် ခန့်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပျက်စီးခဲ့သည့် ပြိုကျနေအိမ် (၂၄)လုံး၊ အမိုးလန်နေအိမ် (၁၅၆) လုံး၊ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀,၃၅၀,၀၀၀/-)၊ ဘေးသင့်လူဦးရေ(၇၂၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁,၅၂၂,၅၀၀/-)၊ စုစုပေါင်းထောက်ပံ့မှုငွေ (၁၁,၈၇၂,၅၀၀/-)နှင့် (၄၆,၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၂၄)အိမ်ထောင်စုစာတို့အား (၃-၅-၂၀၂၄)ရက်နေ့တွင် လူမှု၀န်ထမ်း၊ … Read more









