တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၄) ရက်နေ့တွင် တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ်နေပါသဖြင့် လတ်တလောသောက်သုံးရေ လိုအပ်မှုရှိနေသည့် လူဦးရေ (၈,၂၉၀)ဦး၊ ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ လူဦးရေ(၇,၄၁၈)ဦး၊ ခနောင်တိုအရှေ့ရပ်ကွက်ရှိ လူဦးရေ (၈,၉၄၁)ဦးနှင့် ခနောင်တို အနောက်ရပ်ကွက်ရှိ လူဦးရေ(၃,၇၁၅)ဦးတို့အား  သောက်သုံးရေ (၃၆,၀၀၀) ဂါလံကို ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#ygn_may _2024

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events