ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးရင်ဆိုင်နိုင်ရန် ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(မြို့နယ်အဆင့်)အမှတ်စဥ် (၄/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ၂၀၂၄ ခုနှစ်၊ မေလ(၈)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၈-၅-၂၀၂၄) ရက်နေ့မှ (၁၀-၅-၂၀၂၄) ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#npt_may_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events