Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ ပူးပေါင်း၍ ရန်ကုန်မြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်၊ ဘင်္ဂလားရပ်ကွက်၊ ဘောဓိကုန်းရပ်ကွက်၊စျေးရပ်ကွက်၊အိုးတန်းရပ်ကွက်၊မင်္ဂလာရပ်ကွက်၊ရှမ်းစုရပ်ကွက်၊အုတ်ပုံစုရပ်ကွက်၊ဘူတာရပ်ကွက်တို့တွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာ၊ ပြဿတိုက်ကျေးရွာ၊ သဲကုန်းကျေးရွာ၊ တန်းလျားလေးကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ရွာသစ်လေး ကျေးရွာတို့တွင် Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန မှထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာရန် အသိပေးကြေငြာချက်များအား အရာထမ်း၊အမှုထမ်းများမှရပ်ကွက်များအတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် (၆-၄-၂၀၂၀)ရက်နေ့(၁၄း၀၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ တစ်စိတ်တစ်ပိုင်းပျက်ဆီးနေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉,၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃,၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉,၃၃-၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့အား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၀-၄-၂၀၂၀)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #ygn_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြိုနယ်၊ စွန်တောင်းအထက်ကျေးရွာနှင့် စွန်တောင်းအောက်ကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာ၊ ရှမ်းဘာသာ တို့ဖြင့် အသိပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက်ကျေးရွာ၊ ကျွန်းစုကျေးရွာ၊ သာယာကုန်းကျေးရွာ များသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
Covid-19 ရောဂါ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ (၁)ရပ်ကွက်၊ (၂)ရပ်ကွက်၊ (၃)ရပ်ကွက် များ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_apr2020
-
ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၁:၀၀)နာရီတွင် ဖြစ်ပွားသော ရေဦးမြို့နယ်၊ မကျီးနီကျေးရွာအုပ်စု၊ ကံသာငယ်ကျေးရွာ မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)နှင့် ဘေးသင့်လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ် တို့အား (၁၀-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀)နာရီတွင် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020
-
(Covid-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးနှင့် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ (၁၀-၄-၂၀၂၀) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၊ သဘော့ဆိပ်ကျေးရွာ၊ ကရပ်ပြင်ကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာ ပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ #ar #tny_apr2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်၊ မြို့မကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ မင်းစုကျေးရွာ၊ တိန်းကျေးရွာနှင့် ကမ်းပြည့်ကျေးရွာတို့၌ (၁၀-၄-၂၀၂၀) နေ့တွင် Covid-19ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ကြေငြာခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ နံရံကပ်စာစောင်များ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာတွင် (၉-၄-၂၀၂၀)ရက်နေ့(၁၀း၁၅)အချိန်၌ လျှပ်စစ်ဒယ်အိုးဖြင့် ပဲပြုတ်ရာမှ အပူရှိန်လွန်ကဲပြီးမီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ စုစုပေါင်းလူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၄၂၀၀ိ/-)နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၁)စုစာ၊ စုစုပေါင်း(၁၀၄၂၀၀ိ/-) (ကျပ်တစ်သိန်းလေးထောင့်နှစ်ရာတိတိ/-) အား (၁၀-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေအမှတ်(၁) ၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀)ရက်နေ့ နေ့လယ်(၁၁း၀၀) အချိန်မှ (၁၂း၃၀)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ပြင်ဖြူမော်ရပ်ကွတ် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020









