လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက်ကျေးရွာ၊ ကျွန်းစုကျေးရွာ၊ သာယာကုန်းကျေးရွာ များသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020