Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၄-၂၀၂၀) ရက်နေ့တွင်  တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ ပူးပေါင်း၍  ရန်ကုန်​မြောက်ပိုင်းခရိုင်တိုက်​ကြီးမြို့နယ်၊ ဘင်္ဂလားရပ်ကွက်၊ ဘောဓိကုန်းရပ်ကွက်၊စျေးရပ်ကွက်၊အိုးတန်းရပ်ကွက်၊မင်္ဂလာရပ်ကွက်၊ရှမ်းစုရပ်ကွက်၊အုတ်ပုံစုရပ်ကွက်၊ဘူတာရပ်ကွက်တို့တွင်လည်းကောင်း၊    ရန်ကုန်တောင်ပိုင်းခရိုင်တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာ၊ ပြဿတိုက်ကျေးရွာ၊ သဲကုန်းကျေးရွာ၊ တန်းလျားလေးကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ရွာသစ်လေး ကျေးရွာတို့တွင် Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန မှထုတ်ပြန်ထားသော ဥပဒေများကို  လိုက်နာရန် အသိပေးကြေငြာချက်များအား အရာထမ်း၊အမှုထမ်းများမှရပ်ကွက်များအတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#ygn_apr2020

Sign Up

Upcoming Events