လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀)ရက်နေ့ နေ့လယ်(၁၁း၀၀) အချိန်မှ (၁၂း၃၀)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ပြင်ဖြူမော်ရပ်ကွတ် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020