လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် (၆-၄-၂၀၂၀)ရက်နေ့(၁၄း၀၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ တစ်စိတ်တစ်ပိုင်းပျက်ဆီးနေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉,၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃,၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉,၃၃-၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့အား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၀-၄-၂၀၂၀)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn_apr2020