လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာတွင် (၉-၄-၂၀၂၀)ရက်နေ့(၁၀း၁၅)အချိန်၌ လျှပ်စစ်ဒယ်အိုးဖြင့် ပဲပြုတ်ရာမှ အပူရှိန်လွန်ကဲပြီးမီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ စုစုပေါင်းလူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၄၂၀၀ိ/-)နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၁)စုစာ၊ စုစုပေါင်း(၁၀၄၂၀၀ိ/-) (ကျပ်တစ်သိန်းလေးထောင့်နှစ်ရာတိတိ/-) အား (၁၀-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေအမှတ်(၁) ၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_apr2020