Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မိုးညှင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့ (၁၁၄၅)အချိန်ခန့်၌ မိုးကောင်းမြို့နယ်၊ဆားမော်ကျေးရွာ၊ မရမ်းကျေးရွာ၊ နမ္မတီးကျေးရွာ၊ ထိုပူးကျေးရွာ၊ မြဒေါင်ကျေးရွာ၊ လွဲလောကျေးရွာ၊ ကျွန်းပင်သာကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၅၄၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၁၉၀ဝ/-)ကျပ်၊ ဘာသာရေးကျောင်း (၁)ကျောင်း အတွက် ထောက်ပံငွေ(၁၆၀၀ဝ/-)ကျပ်နှင့်သေဆုံး(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၃၃၃၀ဝ/-)ကျပ်အား (၂၀-၄-၂၀၂၀)ရက်နေ့ (၁၁၀၀)အချိန် တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ မူရင်းနှစ်ခြင်း၊ လဝေါ်နှစ်ခြင်း၊ လဝေါ်အေဂျီ၊ မြို့မနှစ်ခြင်း IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၄၉၈)စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာ(၂)ခဲ၊ mask (၂) ခုနှုန်းဖြင့် ဆပ်ပြာ(၄၉၈)ခဲ၊ mask (၄၉၈) ခု တို့အားသွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ၊ ကွင်းကလေးကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာ၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာနှင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ မန်ခိန်နှစ်ခြင်း၊ ရွှေစက်နှစ်ခြင်း၊ ပလနကက်သလစ် လူငယ် ဗဟိုကျောင်း IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၅၇၈)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆပ်ပြာ(၂)ခဲ၊ mask(၂)ခု နှုန်းဖြင့် ဆပ်ပြာ(၁၁၅၆)ခဲ၊ mask(၁,၁၅၆)ခု နှင့် Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ ဗီနိုင်း(၃)ခု တို့အားသွားရောက် ပေးအပ်ခဲ့ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ … Read more
-
လေဘေးသင့်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ညှစ်ရှောက် ကျေးရွာအုပ်စု၊ ညှစ်ရှောက်ကျေးရွာတွင် (၁၇-၄-၂၀၂၀)ရက်နေ့(၁၄:၁၀)နာရီမှ (၁၄:၄၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သာသနိကကျောင်းဆောင်(၁)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)အား ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ရှေ့မှောက်တွင် (၂၀-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်၌ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ နောင်ဟီး၊ ခတ်ချို၊ လီဆူနှစ်ခြင်း၊ မဒိန် KBC၊ IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၁၆၈)စုအတွက် (၁)အိမ်ထောင်လျှင် (၂)ခုနှုန်းဖြင့် ဆပ်ပြာ(၃၃၆)ခဲ၊ mask (၃၃၆)ခု Covid-19 အသိပညာပေး FLOW CHART ဗီနိုင်းပိုစတာ (၄)ခု တို့ကို သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူငယ်ရေးရာကော်မတီ တို့နှင့်ပူးပေါင်း၍ (၁၉-၄-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တောင်ခွဲကျေးရွာအုပ်စု၊ တောင်ခွဲကျေးရွာ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာနှင့်မြေတံတားလေးကျေးရွာ၊ မြို့ဟောင်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာနှင့် မြစိမ်းတောင်ကျေးရွာ၊ ကျေးသာတောင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ ဆင်ကူးကုန်းထိပ်ပြောင်ကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် မွေးမြူရေးဇုန်၊ ပြိန်းနင်ရပ်ကွက်၊ စခန်းသာကျေးရွာများ၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ဗမာ၊ ရှမ်းဘာသာစကားများဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် စာရင်းပြုစုခြင်းများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၁၉-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြို တင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀)တွင် ကောလင်း မြို့နယ်အတွင်းရှိ ကျောက်တန်းရွာ၊ တမံတာရွာ၊ ငါးကြီးအိုင်ရွာ၊ သစ်ဆိမ့်ကုန်းရွာများတွင် Covid-19 နှင့်ပတ်သတ်၍ အများပြည်သူများ အလွယ်တကူသိရှိနိုင်ဆောင်ရွက်ရန်များကို လှည့်လည် ပြန်ကြားခြင်းနှင့်အတူ လေပြင်းဘေးလက်ကမ်းစာစောင်နှင့် လျှပ်စီးနှင့်မိုးကြိုးဘေး လက်ကမ်း စာစောင် များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020









