လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ မန်ခိန်နှစ်ခြင်း၊ ရွှေစက်နှစ်ခြင်း၊ ပလနကက်သလစ် လူငယ် ဗဟိုကျောင်း IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၅၇၈)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆပ်ပြာ(၂)ခဲ၊ mask(၂)ခု နှုန်းဖြင့် ဆပ်ပြာ(၁၁၅၆)ခဲ၊ mask(၁,၁၅၆)ခု နှင့် Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ ဗီနိုင်း(၃)ခု တို့အားသွားရောက် ပေးအပ်ခဲ့ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက် အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)