လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူငယ်ရေးရာကော်မတီ တို့နှင့်ပူးပေါင်း၍ (၁၉-၄-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တောင်ခွဲကျေးရွာအုပ်စု၊ တောင်ခွဲကျေးရွာ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာနှင့်မြေတံတားလေးကျေးရွာ၊ မြို့ဟောင်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာနှင့် မြစိမ်းတောင်ကျေးရွာ၊ ကျေးသာတောင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ ဆင်ကူးကုန်းထိပ်ပြောင်ကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020