လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မိုးညှင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့ (၁၁၄၅)အချိန်ခန့်၌ မိုးကောင်းမြို့နယ်၊ဆားမော်ကျေးရွာ၊ မရမ်းကျေးရွာ၊ နမ္မတီးကျေးရွာ၊ ထိုပူးကျေးရွာ၊ မြဒေါင်ကျေးရွာ၊ လွဲလောကျေးရွာ၊ ကျွန်းပင်သာကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၅၄၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၁၉၀ဝ/-)ကျပ်၊ ဘာသာရေးကျောင်း (၁)ကျောင်း အတွက် ထောက်ပံငွေ(၁၆၀၀ဝ/-)ကျပ်နှင့်သေဆုံး(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၃၃၃၀ဝ/-)ကျပ်အား (၂၀-၄-၂၀၂၀)ရက်နေ့ (၁၁၀၀)အချိန် တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#kcn_apr2020

Sign Up

Upcoming Events