Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ နောင်ဟီး၊ ခတ်ချို၊ လီဆူနှစ်ခြင်း၊ မဒိန် KBC၊ IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၁၆၈)စုအတွက် (၁)အိမ်ထောင်လျှင် (၂)ခုနှုန်းဖြင့် ဆပ်ပြာ(၃၃၆)ခဲ၊ mask (၃၃၆)ခု Covid-19 အသိပညာပေး FLOW CHART ဗီနိုင်းပိုစတာ (၄)ခု တို့ကို သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေး ဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events