လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ၊ ကွင်းကလေးကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာ၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာနှင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020