Category Archives: News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့ (၁၅း၃၀)နာရီ မှ (၁၉း၃၀)နာရီအထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ၊ခန္တီးမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်နှင့်ဇီးဖြူကုန်းရပ်ကွက်တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် စောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr 2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနတို့နှင့် ပူးပေါင်း၍ (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဘုရားငုတ္တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာနှင့် ဘုရားငုတ္တိုကျေးရွာ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု၊ ထူးကြီးလေးကျေးရွာ၊ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာများအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဆားတောင်အနောက်ကျေးရွာ၊ ဆားတောင် အရှေ့ကျေးရွာနှင့် မကျည်းပင်တပ်ကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်း နာယကဆရာတော်၊ BHN Association INGO (ဂျပန်) တို့နှင့် ပူးပေါင်း၍ (၂၀ – ၄- ၂၀၂၀) ရက်နေ့တွင် နံနက် (၁၀:၄၅) အချိန်မှ (၁၁:၄၅) အချိန်ထိ သံတွဲခရိုင်၊ သံတွဲ မြို့နယ်၊ မျှားချောင်းကျေးရွာတွင်လည်းကောင်း၊ နေ့လည် (၁၂:၀၀) အချိန်မှ (၁၂:၃၀) နာရီအချိန်ထိ သံတွဲ … Read more
-
ဂန့်ဂေါခရိုင်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းအဖြစ် ဂန့်ဂေါခရိုင်အတွင်း ယာဉ်များဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတိုင်းခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသည့်လူဦးရေစာရင်းများ ပြုစုခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀)ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဗမာအေးရပ်ကွက်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ကြည်စုရပ်ကွက်၊ ဆေးစက်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ယမုံနာ(၁,၂) ရပ်ကွက်များတွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပဲခူးရပ်ကွက်၊ ထန်းပင်ကုန်းရပ်ကွက်၊ မြို့မတောင်ရပ်ကွက်၊မြို့သစ်အနောက်ရပ်ကွက်တို့တွင်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ အသိပညာပေးကြော်ငြာခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့အတွင်းရှိ မေတ္တာလင်းမြိုင်ကျေးရွာအုပ်စု၊ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) ရပ်ကွက်နှင့် အမှတ် (၂-ခ) ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနမှထုတ်ပြန်ထားသော ဥပဒေများကို ကွင်းဆင်း၍ အသိပေးကြေငြာမှုများ ပြုလုပ်ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ မိုးကောင်းဦးကျေးရွာနှင့် ပဒါန်းကျေးရွာတို့တွင် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် လေပြင်းဘေး အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









