လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့အတွင်းရှိ မေတ္တာလင်းမြိုင်ကျေးရွာအုပ်စု၊ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) ရပ်ကွက်နှင့် အမှတ် (၂-ခ) ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနမှထုတ်ပြန်ထားသော ဥပဒေများကို ကွင်းဆင်း၍ အသိပေးကြေငြာမှုများ ပြုလုပ်ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_apr2020
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)