လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနတို့နှင့် ပူးပေါင်း၍ (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဘုရားငုတ္တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာနှင့် ဘုရားငုတ္တိုကျေးရွာ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု၊ ထူးကြီးလေးကျေးရွာ၊ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာများအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)