လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းအဖြစ် ဂန့်ဂေါခရိုင်အတွင်း ယာဉ်များဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတိုင်းခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသည့်လူဦးရေစာရင်းများ ပြုစုခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)