COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀)ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဗမာအေးရပ်ကွက်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ကြည်စုရပ်ကွက်၊ ဆေးစက်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ယမုံနာ(၁,၂) ရပ်ကွက်များတွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပဲခူးရပ်ကွက်၊ ထန်းပင်ကုန်းရပ်ကွက်၊ မြို့မတောင်ရပ်ကွက်၊မြို့သစ်အနောက်ရပ်ကွက်တို့တွင်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ အသိပညာပေးကြော်ငြာခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#ygn_apr 2020

Sign Up

Upcoming Events