လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်း နာယကဆရာတော်၊ BHN Association INGO (ဂျပန်) တို့နှင့် ပူးပေါင်း၍ (၂၀ – ၄- ၂၀၂၀) ရက်နေ့တွင် နံနက် (၁၀:၄၅) အချိန်မှ (၁၁:၄၅) အချိန်ထိ သံတွဲခရိုင်၊ သံတွဲ မြို့နယ်၊ မျှားချောင်းကျေးရွာတွင်လည်းကောင်း၊ နေ့လည် (၁၂:၀၀) အချိန်မှ (၁၂:၃၀) နာရီအချိန်ထိ သံတွဲ ခရိုင်၊ သံတွဲမြို့နယ်၊ နွားခြံကျေးရွာတွင်လည်းကောင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေး လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#rke_apr2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)