Category Archives: News
-
အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုနှင့် အင်္ဂပူမြို့ပေါ်ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရေကျော်အရှေ့ကျေးရွာ၊ ရေကျော်အနောက်ကျေးရွာ၊ ဝက်သေကျေးရွာများနှင့် အင်္ဂပူမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များအတွင်း COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လေအွမ်(ခ) ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀၀/-)ကျပ်ကို (၂၂-၄-၂၀၂၀)ရက်နေ့ (၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #chn_ apr 2020
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာ၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် နေအိမ် (၁) လုံးနှင့် ပသင်ကျေးရွာအုပ်စု၊ ရွှေသဲကျေးရွာရှိ နေအိမ် (၁) လုံး စုစုပေါင်း အမိုးလန် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၂,၀၀ဝ/-) ကျပ်အား (၂၂-၄-၂၀၂၀) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ (၁၇:၁၀)နာရီတွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်အတွင်း လေပြင်းတိုတ်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၌ အမိုးအကာပျက်စီးအိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၇၀,၀၀၀/-)၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၀,၀၀၀/-)နှင့် အိမ်ထောင်စု(၉)စုမှ လူဦးရေ (၄၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေကျပ် (၉၄,၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၁၄,၅ဝဝ/-) တို့အား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီတွင် ဘေးသင့် ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲတောင်ပိုင်းရပ်ကွက်၊ ပုလဲမြောက်ပိုင်းရပ်ကွက်၊ လက်တောင်းကြီးကျေးရွာအုပ်စု၊ ရိုးတောင်ကျေးရွာ၊ ရိုးမြောက်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အလယ်ဘုံကျေးရွာအုပ်စု အလယ်ဘုံကျေးရွာ၊ ရွာသာကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ကံပေါက်ကျေးရွာအုပ်စု ကံပေါက်ကျေးရွာ၊ မကျီးခွကျေးရွာအုပ်စု ဇောင်ကျမ်းကုန်းကျေးရွာတို့၌ (၂၁-၄-၂၀၂၀) ရက်နေ့ (၁၇:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်စုစုပေါင်း(၈၉) လုံး၊ အိမ်ထောင်စု (၈၉) စုနှင့် လူဦးရေစုစုပေါင်း (၃၇၆) ဦး … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့၊ မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာ၊ မရင်းငယ်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ တို့တွင် COVID_19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ် ခြင်းတို့အား ရပ်ကျေးအဖွဲ၊ အရန်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_ apr 2020
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020
-
ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊တော်ကမယ်ကျေးရွာ၊ ဝါးမသိမ်းကျေးရွာ၊ တော်ကမယ်ကုန်းတန်းကျေးရွာ၊ သံဒင်းထက်ကျေးရွာ၊ သံဒင်းအောက်ကျေးရွာ၊ တော်ကမံကျေးရွာ၊ တော်မှတ်ကျေးရွာ၊ တော်ညွန့်ကျေးရွာ၊ တော်မလွတ်ကျေးရွာညောင်ပင်ကုန်းကျေးရွာ၊ ပေါက်ပင်ဖြုစုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ခမိကျေးရွာ၊ ချောင်းမတန်းကျေးရွာနှင့် ဝါးသိမ်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို ကျေးရွာရှိပြည်သူများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးရပ်ကွက်၊ မော်ဝမ်းကြီးကျေးရွာ၌ (၁၆-၄-၂၀၂၀) ရက်နေ့ (၁၉:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ အိမ်ထောင်စု (၅) စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀ဝ/-) ကျပ်တို့အား (၂၂-၄-၂၀၂၀)ရက်နေ့ (၁၄:၃၀) … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာ၊ တောင်ဖီလာကျေးရွာ၊ သက္ကထီးကျေးရွာတို့၌ COVID_ 19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ဗီနိုင်းပိုစတာကပ် ခြင်းတို့ကို ရပ်ကျေးအဖွဲ၊ အရန်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_ apr 2020









