အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုနှင့် အင်္ဂပူမြို့ပေါ်ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရေကျော်အရှေ့ကျေးရွာ၊ ရေကျော်အနောက်ကျေးရွာ၊ ဝက်သေကျေးရွာများနှင့် အင်္ဂပူမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များအတွင်း COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events