လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊တော်ကမယ်ကျေးရွာ၊ ဝါးမသိမ်းကျေးရွာ၊ တော်ကမယ်ကုန်းတန်းကျေးရွာ၊ သံဒင်းထက်ကျေးရွာ၊ သံဒင်းအောက်ကျေးရွာ၊ တော်ကမံကျေးရွာ၊ တော်မှတ်ကျေးရွာ၊ တော်ညွန့်ကျေးရွာ၊ တော်မလွတ်ကျေးရွာညောင်ပင်ကုန်းကျေးရွာ၊ ပေါက်ပင်ဖြုစုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ခမိကျေးရွာ၊ ချောင်းမတန်းကျေးရွာနှင့် ဝါးသိမ်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို ကျေးရွာရှိပြည်သူများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)