Category Archives: News
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရာမညလူမှုကူညီရေးအသင်းနှင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရေရှားပါးမှုကြုံတွေ့နေရသော မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုးရပ်နေပြည်သူများအား သောက်သုံးရေ(၆၀၀) ဂါလန်ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mon_apr2020
-
Covid19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ အလယ်တောကျေးရွာနှင့် စာထားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားသိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် သပိတ်ကျင်းမြို့နယ်ဦးစီးမှူရုံးမှ တာ၀န်ရှိသူများသည် (၂၁.၄.၂၀၂၀) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ် (၁၉) အိမ်၊ အမိုးလန် (တစ်စိတ်တစ်ပိုင်း) (၁၇၅) အိမ်၊ ဘာသာရေးကျောင်း (တစ်စိတ်တစ်ပိုင်း) (၃) ကျောင်း၊ အိမ်ထောင်စု (၁၉၄) မှ လူဦးရေ (၈၈၆) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၄,၁၈၃,၀၀၀)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် … Read more
-
Covid19 အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တော်၀င်ကျေးရွာ၊ မွှေလယ်ကျေးရွာနှင့် နှမ်းခါး ကျေးရွာများသို့ (၂၃-၄-၂၀၂၀)ရက်နေ့(၀၈:၃၀) နာရီ မှ(၁၄:၃၀) နာရီအချိန်ထိCOVID-19ရော ဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid19 အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၂၃-၄-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့အတွင်း အမှတ်(၂၊ ၄၊ ၅)ရပ်ကွက်၊ ဖလူးကျေးရွာ၊ ကျောက်ခတ်ကျးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာတို့မှ ပြည်သူများအား Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများအား သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ (၁၂:၀၀) အချိန် တွင် ဝန်းသိုမြို့နယ်၊ တတ်လွင်ကျေးရွာအုပ်စု၊ တတ်လွင်ကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ ကျောက်တော ကျေးရွာသို့ အိမ်ထောင်စု (၁)စုလျှင် သောက်သုံးရေးသန့် (၂၀)လီတာ ပါဘူးကြီး(၅)ဘူးနှုန်းဖြင့် အိမ်ထောင်စု (၉၆)စု၊ လူဦးရေ (၅၂၄) ဦးအတွက် ရေသန့်ဘူးကြီး (၄၈၀) ဘူးတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိဿလင်းကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် (၂၀-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် Family kits (၁)ပုံး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ် ၊ လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်နှင့် မီးဘေးကြောင့် ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀/-) ကျပ်တို့ကို (၂၃-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီ … Read more
-
Covid- 19 ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ကျောင်းရွာကျေးရွာအုပ်စုရှိ ကျောင်းရွာကျေးရွာ၊ ကမ္ဘားနီကျေးရွာ၊ ကျွန်းမကြီးကျေးရွာ၊ မိဖုရားချိုင့်ကျေးရွာနှင့် သရက်ချဥ်ကျေးရွာ၊ ကုန်းရွာကျေးရွာအုပ်စုရှိ ကုန်းရွာကျေးရွာ၊ ကျစ်ပြင်ကျေးရွာနှင့် ငချဥ်ချောင်းကျေးရွာတို့တွင် လှည့်လည် ၍ Covid- 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 … Read more
-
အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် ပတ်သက်၍ဆောင်ရွက်ရန်များ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး
ဧပြီ၊ ၂၃၊ ၂၀၂၀၊ နေပြည်တော် အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော် မှုကို တားဆီးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက (၂၀−၄−၂၀၂၀) ရက်နေ့၌ ညွှန်ကြား ချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုညွှန်ကြားချက်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
ဧပြီ ၂၃၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ် တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ် ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ (၂၁-၄-၂၀၂၀) နေ့တွင်- ကချင်ပြည်နယ်၊ မြို့နယ်(၄)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၃၇)လုံး၊ ဘာသာရေးအဆောက်အဦ(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၃)ခု၌ နေအိမ်(၁၉)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၇၅)လုံး၊ ဘာသာရေး အဆောက်အဦ(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ … Read more









